International News

ထိုင်းဘဏ်အနေဖြင့် ပထမ(၃)လပတ်အတွင်း စီးပွားရေးတိုးတက်မှုအားနည်းမည်ဟု မျှော်လင့်

Last Updated:

ကိုရိုနာဗိုင်းရပ်စ် အသစ်ပြန့်ပွားမှုနှင့် ၂၀၂၀ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ဉပဒေကြမ်းနှောင့်နှေးမှုတို့က စီးပွားရေးကို နှောင့်နှေးနေစေမည်ဖြစ်ကြောင်း၊ ၎င်းမှာပထမ (၃) လပတ်နှင့်တစ်နှစ် ပတ်လုံး မျှော်မှန်းထားသည်ထက် ပိုမိုနှေးကွေး သောနှုန်းဖြင့် တိုးတက်လာစေမည်ဖြစ်ကြောင်း နှင့်လာမည့်အပတ်အစည်းအဝေးတွင် အတိုးနှုန်းလျှော့ချနိုင်မည့် အလားအလာရှိနေကြောင်း ဗဟိုဘဏ်မှ  အရာရှိတစ်ဉီးကပြောကြားခဲ့ပါသည်။

ထိုင်းဘဏ်မှ စီးပွားရေးနှင့်မူဝါဒရေးရာအကြီးတန်းညွှန်ကြားရေးမှူး Don Nakornthab က မတ်လအထိ (၃) လပတ် စီးပွားရေးတိုးတက်မှုနှေးကွေးမည်ဟု မျှော်လင့်ရကြောင်းပြောကြားခဲ့ပါ သည်။ ဗဟိုဘဏ်အနေဖြင့် မတ်လအထိ (၃) လပတ် စီးပွားရေးတိုးတက်မှုအား (၂%) အထက် တွင်ရှိလိမ့်မည်ဖြစ်ကြောင်းနှင့် ၂၀၂၀ ခုနှစ်အတွက် (၂.၈%) ရှိလိမ့်မည်ဟု ခန့်မှန်းထားခဲ့ပါသည်။

၎င်းကဆက်လက်၍ ထိုင်းဘဏ်အနေဖြင့် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုအား ပထမ (၃) လ ပတ်အတွင်း အတော် များများ လျှော့ကျသွားမည်ဟု ကြိုတင်ခန့်မှန်းထားပြီး ထိုကာလအတွက် ခရီးသွားဝင်ရောက်မှု ကျဆင်းသွားနိုင်သည် ဟုပြောကြားထားပါသည်။

တရုတ်ခရီးသွားများအနေဖြင့် (၃) လပတ် တစ်ခုအတွက် ပျှမ်းမျှအားဖြင့် (၃) သန်းခန့် လာရောက်ကြကြောင်း၊ ၎င်းတို့ အနက် (၁) သန်းမှ (၂) သန်းအထိမှာ ပထမ (၃) လပတ်အတွင်း ကျဆင်းသွားနိုင်ကြောင်း Mr. Don ကပြောကြား ခဲ့ပါသည်။ ၂၀၁၉ ခုနှစ် ပထမ (၃) လပတ်တွင် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုမှာ နှစ်အလိုက်တွင် (၂.၁%) ကျော်တိုးတက်ခဲ့ပါသည်။

အကယ်၍ ဗိုင်းရပ်စ်ပြန့်ပွားမှုကို (၂) လအတွင်း ထိန်းချုပ်နိုင်မည်ဆိုပါက အခြေအနေသည် တဖြည်းဖြည်း တိုးတက် လာလိမ့်မည်ဟု Mr. Don ကပြောကြားခဲ့ပါသည်။ ၎င်းကဘတ်ဂျက်ခွဲဝေမှု နှောင့်နှေးခြင်းကလည်းစီးပွားရေးအပေါ် နောက်ထပ်ခြိမ်းခြောက်မှုတစ်ခုဖြစ်နေကြောင်း ၎င်းက အစိုးရနှင့် ပုဂ္ဂလိကနှစ်ရပ်စလုံး၏ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ အတွက် ခြိမ်းခြောက်မှုဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။

၂၀၂၀ ခုနှစ် ဘတ်ဂျက်အား ဧပြီလတွင် စတင်နိုင်မည်ဆိုပါက နှောင့်နှေးကြန်ကြာမှုသည် စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေမှာမဟုတ်ကြောင်း၊ ၂၀၁၉ ခုနှစ် စတုတ္ထ (၃) လပတ်တွင် စီးပွားရေးမှာဆက်လက်ကျဆင်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

ပြည်ပသို့ ကုန်စည်တင်ပို့မှုဆက်လက်ကျဆင်းနေမှုက ပြည်တွင်းစီးပွားရေးလှုပ်ရှားမှုကို ပိုမိုသိသာစွာထိခိုက်စေ ကြောင်း၊ ပုဂ္ဂလိကစားသုံးမှုအညွှန်းကိန်းသည် အစိုးရ၏ စီးပွားရေးကို လှုံ့ဆော်သည့်အစီအမံများမှ အထောက်အပံ့များ ရရှိထားပါသော်လည်း လယ်ယာမဟုတ်သော ဝင်ငွေနှင့် စားသုံးသူများ၏ ယုံကြည်မှုလျှော့နည်းသွားခြင်းတို့နှင့်အညီ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်နှင့်နှိုင်းယှဉ်ပါက လျှော့နည်းသွားပါသည်။

ယမန်နှစ် နောက်ဆုံး (၃) လပတ်တွင် ခရီးသွားကဏ္ဏအနေဖြင့် ဆက်လက်ကောင်းမွန်နေခဲ့ပါသည်။  အကြောင်းမှာ ၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် ဖူးခက်၌ ဖြစ်ပွားခဲ့သောဆိုးဝါးလှသည့် ခရီးသွားလှေမတော်တဆဖြစ်မှုကြောင့် ပေါ်ပေါက် လာသော အကျိုးဆက်ကြောင့်ဖြစ်ပါသည်။

ထိုင်းနိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် စတုတ္ထ(၃)လပတ်နှင့် ၂၀၁၉ ခုနှစ် တစ်နှစ်လုံးအတွက် အနေဖြင့် ဗဟိုဘဏ်၏ ခန့်မှန်းချက်ဖြစ်သော (၂.၅%) ထက်နိမ့်ကျနိုင်သည်ဟု Mr. Don က ပြောကြားခဲ့ပါသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စီးပွားရေးမှာအတည်းငယ် တိုးတက်မှုရှိခဲ့ပါသည်။ ကုန်စည်တင်ပို့မှုတန်ဖိုး၊ ထုတ်လုပ်မှု၊  ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ညွှန်းကိန်းများနှင့် အများပြည်သူစားသုံးမှု အသုံးစရိတ်များ အနည်းငယ်ကျဆင်းခဲ့ပါသည်။ ဒီဇင်ဘာလတွင် ပုဂ္ဂလိက စားသုံးမှုအညွှန်းကိန်းသည် ယခင်လနီးပါးဖြစ်ခဲ့ပြီး ခရီးသွားလုပ်ငန်းမှာအနည်းငယ် နှေးကွေးခဲ့ပါသည်။

ဘဏ္ဍာရေးမူဝါဒတစ်ခုတည်းဖြင့် စီးပွားရေးတိုးတက်မှုကို တွန်းအားမပေးနိုင်သောကြောင့် ငွေကြေးမူဝါဒသည် စီးပွားရေးကိုမြှင့်တင်ရန် အဓိကအခန်းကဏ္ဍမှ ပါဝင်ရမည်ဖြစ်ကြောင်း Kasikorn သုတေသနစင်တာမှ မှတ်ချက် ပြုပြောကြားခဲ့ပါသည်။ ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းအားလက်ရှိ စံချိန်တင် အနိမ့်ဆုံးနှုန်း (၁.၂၅%) မှ အနည်းဆုံး (၀.၂၅) မှတ် လျှော့ချမည်ဟု မျှော်လင့်ရကြောင်း သုတေသနစင်တာမှ ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: International News